ထိုင်းနိုင်ငံ၊ကိုရတ်မြို့လယ်က 7-Eleven စတိုးဆိုင်ရှေ့မှာ ခွေးလေးတစ်ကောင်ဟာ ကွယ်လွန်သွားတဲ့ သခင်ဖြစ်သူပြန်အလာကို စောင့်မျှော်နေခဲ့ပါတယ်။ ထိုစောင့်ဆိုင်းနေတဲ့ပုံရိပ်လေးဟာ ဆိုရှယ်မီဒီယာအသုံးပြုသူများကို ၀မ်းနည်းတုန်လှုပ်စေခဲ့ပါတယ်။
Moo Daeng (ဝက်သားနီလို့ အဓိပ္ပာယ်ရတဲ့) ခွေးလေးကို အိမ်ခြေယာမဲ့အမျိုးသားတစ်ဦးက ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ ထိုအမျိုးသားဟာ အသက်ရှင်ရပ်တည်ဖို့အတွက် အစားအစာနဲ့ ပိုက်ဆံကို အလှူခံတောင်းရမ်းပြီးတော့ Moo Daeng လေးကိုလည်း ၀၀လင်လင်ကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။ ညဘက်တွေမှာတော့ Moo Daengလေးနဲ့အတူ 7-Eleven စတိုးဆိုင်ရှေ့မှာ အိပ်စက်အနားယူကြကြောင်းသိရပါတယ်။ သို့သော်လည်းကံတရားက သခင်ဖြစ်သူနဲ့ဝေးရဖို့ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ Moo Daengရဲ့သခင်ဖြစ်သူဟာ အပြင်းဖျားပြီး ၊ေသဆုံးသွားခဲ့ပါတယ်။
သခင်ဖြစ်သူ အနားမှာမရှိတော့ပေမယ့် Moo Daeng လေးဟာ ထိုစတိုးဆိုင်ရှေ့မှာပဲ သခင်ဖြစ်သူကို နေ့စဉ်စောင့်မျှော်နေခဲ့ပါတယ်။ Moo Daeng ခွေးလေးရဲ့ သခင်အပေါ်သစ္စာရှိစိတ်နဲ့ စောင့်မျှော်နေတဲ့အဖြစ်ဟာ ရထားဘူတာမှာ သခင်ပြန်အလာကို အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့တဲ့ ဂျပန်နိုင်ငံက Hachiko ခွေးလေးရဲ့အဖြစ်နဲ့တူနေတာကြောင့် “Hachi of Korat” ဆိုတဲ့ nickname လေးကိုပေးခဲ့ကြပါတယ်။
အခုခါမှာ 7-Eleven ပိုင်ရှင်နဲ့ ဝန်ထမ်းများက Moo Daengလေးရဲ့အဖြစ်ကိုသနားတာကြောင့် အစားအသောက်နဲ့ စောင်များခြုံပေးပြီး ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ကလေးကသခင်ကို အရမ်းလွမ်းနေမှာအသေချာပါပဲ သခင်အပေါ်အရမ်းချစ်တတ်ပြီး သစ္စာရှိတဲ့ကလေးလေးမို့ အချစ်ခံရဖို့ထိုက်တန်ပါတယ် နွေးထွေးပြီးစောင့်ရှောက်ပေးမယ့်သခင်အသစ် အမြန်ဆုံးပေါ်လာပါစေကွယ်


